Home / 2024 / July / 19

Daily Archives: July 19, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်း တို့ဝန်းကျင်”သီချင်းသီဆို၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ် မေးခွန်းပုံစံအသစ် ဖြေဆိုခဲ့ရာတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများဟာ သင်ယူမှုအခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့သူများဖြစ်သည့်အပြင် အခြေအနေ အချိန်အခါနှင့် အခွင့်အလမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် ယခုလိုထူးချွန်စွာ အောင်မြင်ခဲ့သည့်အပေါ် …

Read More »