Home / 2024 / July / 23

Daily Archives: July 23, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦး-စစ်တောင်း လမ်းပေါ်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူလျက်ရှိသော ဦးဆန်းဌေးအောင်၏ “မေမြင့်မိုရ်” မွေးမြူရေးခြံ၌ တိုင်းရင်းကြက်ကောင်ရေ(၄၀၀၀)မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအား ပေးခဲ့ပြီး နေဗီယာမြက်နှင့် ဒေသထွက်တိရစ္ဆာန်အစာဖြင့် မွေးမြူနိုင်ရေးနှင့် ဈေးကွက်ဝင် ဒေသကြက် မျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒိုးတန်း ကျေးရွာ၌ တစ်ကွင်းတစ်ဆက်တည်း YSR-1 မိုးစပါးစံပြ မျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး အားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရွှေလရောင် …

Read More »