Home / 2024 / July / 25

Daily Archives: July 25, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား သွားရောက်ကူညီထောက်ပံ့

သာယာဝတီ ဇူလိုင် ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက် ပိုင်းက သာယာဝတီခရိုင်အတွင်း ဧရာဝတီမြစ်ရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်မခမြစ်ရေ ကြီးမှုတို့ကြောင့်  သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ဖိုးကတိုး-ကညင်အောတာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေတားတာတစ်လျောက် ရေကင်းများချ၍ ကြံ့ခိုင်မှု အား အချိန်ပြည့်စစ်ဆေးရန်၊ ရေကျော်နိုင်သည့် တာအနိမ့်နေရာများတွင် သဲအိပ်များဖြင့် ယာယီမြှင့်တင် ခြင်းများ ဆောင်ရွက်ရန်နှင့် ရေလမ်းကြောင်းတစ်လျောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်း မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြား ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေကျော်သည့် နေရာများတွင် ရေလမ်းကြောင်း လမ်းညွှန်အမှတ်အသားများနှင့် လမ်းပြများထားရှိရန်၊ ရေပြန်လည်ကျဆင်းသွားပါက ချက်ခြင်းပြန်လည် ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား …

Read More »

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပဲခူး ဇူလိုင် ၂၄ ၂၀၂၄-၂၀၂၅ ခု၊  ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးမြို့နယ်နှင့် ‌ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့တွင် ဆောင်ရွက်ရန် လျာထားသည့် Lot(၅) ခု၊ လုပ်ငန်း(၇)ခုအတွက်လုပ်ငန်းတင်ဒါအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-

Read More »