Home / 2024 / July / 30

Daily Archives: July 30, 2024

ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့

ပဲခူး ဇူလိုင် ၃၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ယာယီရေဘေးရှောင်စခန်းများရှိ လူဦးရေနှင့် ထောက်ပံ့မှုစာရင်းများ စနစ်တကျပြုစုထားရှိရန်၊ ရေကြီးနစ်မြှုပ်သည့် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာ တော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး လိုအပ်သည်များ ထောက်ပံ့ကူညီပေးရန်၊ ရေများအမြန်ဆုံး ပြန်လည် ကျဆင်းစေရေး အဓိကရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ရန်၊ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားမှုမရှိစေရေး ကရိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွက် မျိုးစပါးများ ကြိုတင်စုဆောင်းဖြန့်ဝေပေးထားရန်နှင့် ရေကျဆင်းသွားပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး …

Read More »