Home / 2024 / July (page 2)

Monthly Archives: July 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၀)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး

ပဲခူး ဇူလိုင် ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၀)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအတွင်းရှိ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်း တို့ဝန်းကျင်”သီချင်းသီဆို၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ် မေးခွန်းပုံစံအသစ် ဖြေဆိုခဲ့ရာတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများဟာ သင်ယူမှုအခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့သူများဖြစ်သည့်အပြင် အခြေအနေ အချိန်အခါနှင့် အခွင့်အလမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် ယခုလိုထူးချွန်စွာ အောင်မြင်ခဲ့သည့်အပေါ် …

Read More »

ပဲခူးတိုင်းဒေသကြီးမှ အာရှအဆင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက် ခဲ့သည့် အစဉ်အလာကောင်းအား ထိန်းသိမ်းကြိုးစားယှဉ်ပြိုင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန် မှာကြား

ပဲခူး ဇူလိုင် ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အသင်းသားများက တစ်ဦးချင်းဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူသော အားကစားဆိုင်ရာခံယူချက်အတိုင်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကျန်းမာသန်စွမ်းသူများ ပေါ်ထွက်လာစေရေးအတွက် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘောလုံး အားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားသည်နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အာရှအဆင့် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစာသမားများပေါ်ထွက်ခဲ့သည့် အစဉ်အလာ ကောင်းများကိုလည်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ အသစ်တည်ဆောက်ထားသည့် နိုင်ငံတကာအဆင့်မီ တိုင်းဒေသကြီးအားကစားဥယျာဉ်အတွင်း စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရစေရေးနှင့် စိတ်အပန်းဖြေမှုအတွက် သစ်ပင်များစိုက်ပျိုးပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်းအပြင် နည်းလမ်း(၈)သွယ်ဖြင့် ပျိုးပင်ပေါင်း(၁၄)သိန်းစိုက်ပျိုးရန် လျာထား လျက်ရှိရာ ယနေ့အချိန်ထိ ပျိုးပင်ပေါင်း(၁၂)သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သစ်တော သစ်ပင်များတည်ရှိခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေး၊ ပြည်သူလူထုအတွက် လိုအပ်သည့် သစ်၊ ထင်းများရရှိရေး၊ စိတ်ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်ရေးတို့အပြင် သဘာဝပတ်ဝန်းကျင်ရှိ လေထုသန့်ရှင်းရေး၊ မြေပေါ်မြေအောက်ရေ ထိန်းသိမ်းရေးတို့အပေါ် အထောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၁၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ယောထောင့်ကျေးရွာ အနီး၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထန်းလုံးချောင်းတာ ထူးပေါက်ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ပြီး ပါဝင်ကူညီဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ရန်ကင်းတန်းလမ်း၌ ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးထောက်ပံ့

ပန်းတောင်း ဇူလိုင် ၁၇ ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ပန်းတောင်းမြို့နယ်ရှိ မြစ်ကမ်းဘေးရှိ အနိမ့်ပိုင်း ရပ်ကွက်/ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့မှ သွားရောက်အားပေးထောက်ပံ့ခဲ့သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် ပန်းတောင်းမြို့၊ ပေါ်တော်မူ (ရှင်ဖြူ)ဘုရားရှိ ရေဘေးကယ်ဆယ်ရေးစခန်းသွားရောက်၍ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အဟာရမုန့်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုး(၂)ပတ်စာ ထောက်ပံ့ငွေ(၄၆၄၉၄၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ရေဝင်ရောက်သည့် ရပ်ကွက်/ ကျေးရွာများအတွင်း ရေပြန်လည်ကျဆင်းသွားပါက အများနှင့်သက်ဆိုင်သည့် နေရာများဖြစ်သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦ စသည်တို့အား တစ်ပါတည်း သန့်ရှင်းရေးပြုလုပ်ရန်၊ ကျန်မာရေးဆိုင်ရာကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ရန်၊ ရေဘေးကယ်ဆယ်ရေး စခန်းအလိုက်ဌာနဆိုင်ရာပူးပေါင်းပါဝင်သည့်အဖွဲ့များဖြင့် ကြီးကြပ်စောင့်ရှောက်ရန် လမ်းညွှန်ကြားခဲ့သည်။ ထို့နောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ပေးနိုင် ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဇူလိုင် ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည် မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့် မိုးနှမ်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာအား ဘောင်ကြီးတင်စနစ်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးခြင်းဖြစ် ရာ ယခုစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ကြောင်း လက်တွေ့သိမြင် နေရပြီဖြစ်၍ ဒေသခံနှမ်းစိုက်တောင်သူများအား ခေါ်ယူပြသခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျဉ်းမအိုင်ကျေးရွာအုပ်စု၊ ကျောသာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေပြည်မြေကုမ္ပဏီတို့ ပူးပေါင်း၍ မိုးမတ်ပဲ(TBL-9)စံပြစိုက်ခင်း (၂၀)ဧကနှင့် မိုးမြေပဲ(မကွေး-၁၆) မျိုးသန့်ပွားစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဧရာဝတီမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ရွှေတောင် မြို့နယ်အတွင်း ရေဘေးဖြစ်ပွားမှုအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့

ရွှေတောင် ဇူလိုင် ၁၅ =========             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယမန်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧရာဝတီမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ရွှေတောင်မြို့နယ်အတွင်း ရေဘေးဖြစ်ပွားမှုအား လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ သွားရောက်ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ထန်းလုံးချောင်း ရေတားတာအလွန် ရွာမကျေးရွာသွားလမ်းပေါ်ရှိ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်လမ်းအနိမ့်ပိုင်းတွင် ဧရာဝတီ မြစ်ရေကြီးမှုကြောင့် လမ်းသားအရှည် ပေ(၃၀)ခန့် ကျိုးပေါက်မှုဖြစ်ပွားမှုနေရာသို့ သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ရေဘေးကာကွယ်ရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ကာ ထန်းလုံးချောင်းရေတားတာအား ပြန်လည် အဆင့်မြှင့်တင်နိုင်ရေး မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ထန်းလုံးချောင်း ရေတားတာ ကြံ့ခိုင်မှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းရေတားတာ အနိမ့်ပိုင်းနေရာများနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား ဘက်စုံမြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇူလိုင် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအား ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၌  တစ်ကွင်းတစ်ဆက်တည်း ဧက(၅၀) လက်ဆွဲကောက်စိုက်စက်ဖြင့် တောင်သူသရုပ်ပြ YSR-1 မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစိုက်ပျိုး နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ကြို့ပင်စခန်း ကျေးရွာအုပ်စု၊ ကညင်တန်းလမ်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လမ်းဝဲ/ယာတွင် အရိပ်ရ ပြီး စားသုံးနိုင်သည့် ပေါက်ပန်းဖြူ၊ မန်ကျည်း၊ ကြောင်လျှာ၊ သခွတ်ပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျေးရွာလမ်းများ၊ ကုန်ထုတ်လမ်းများအားလုံး မိုးတွင်းကာလအပြီး သစ်ပင်များစိုက်ပျိုး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းဖတ်ကြားခဲ့သည်။ ၎င်းနောက် မိုးစပါးစိုက်ရာသီ ဖြစ်၍ သတ်မှတ်လျာထားသည့် မိုးစပါးစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပျိုးခြံများရှိ ပျိုးပင်များ ဇူလိုင်လအတွင်းအပြီး စိုက်ပျိုးသွားရမှာဖြစ် ကြောင်း၊ မိုးရာသီအတွင်း ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ် ခြင်းနည်းလမ်းများ အသိပညာပေးရန်နှင့် ဖြစ်ပွားလာပါက ကုသခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့နယ်အလိုက် စီမံဆောင်ရွက်ထားရမှာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် …

Read More »