Home / 2024 / August / 01

Daily Archives: August 1, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်ရှိ သဘာဝဘေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အောက်ဘက်ရှိ ကျေးရွာများတွင် ရေဝင်ရောက်သဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်ခဲ့သည့် လမ်း/တံတားများ၏ ကြံ့ခိုင်မှုကို စစ်ဆေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ တစ်ပါတည်း ပြင်ဆင်သွားရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်း လျှပ်စစ်မီးအန္တရာယ်နှင့် ဝမ်းရောဂါဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ခြင်းများ ဆောင်ရွက်သွားရန်နှင့် ရေဝပ်နေသည့်နေရာများတွင် ရေစုပ်စက်များဖြင့်စုပ်ထုတ်နိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။           ထို့နောက်တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးနှင့် တိုင်းဒေသကြီး အဆင့် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီဝင်များက ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေ များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုနှင့် ရေထွက်ပေါက်များ …

Read More »

တရားသောစစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများပို့ဆောင်

ပဲခူး ဩဂုတ် ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့သည် တရားသော စစ်အောင်မြင်စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်း ဒေသကြီးမှ စားသောက်ဖွယ်ရာများ ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ စနစ်တကျ ထုပ်ပိုးနေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ တန်ဖိုးကျပ် သိန်း(၂၅၀)ကျော်ဖြစ်ကြောင်း သတင်းရရှိ …

Read More »