Home / 2024 / August / 03

Daily Archives: August 3, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်ရေးစခန်းများသို့ သွားရောက်အားပေးထောက်ပံ့

ပဲခူး ဩဂုတ် ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား အားပေး ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးတို့နှင့်အတူ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ဟံသာဝတီရှေးဟောင်းကျုံး ရေထွက်ပေါက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေထွက်ပေါက်အတွင်း အမှိုက်နှင့် ဗေဒါပင်များ ပိတ်ဆို့မှု မရှိစေရေးနှင့် ကျုံးရေကျော်ပေါက်အား သံဇကာများဖြင့် ကာရံထားရန်တာဝန်ရှိသူများအား လမ်းညွှန် မှာကြား ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း ရေကျော်ဝင်ရောက်ခဲ့သည့်နေရာအား ကွင်းဆင်း ကြည့်ရှု ခဲ့ပြီး ရေတံခါးပေါက်များ နေရာပြောင်းရွေ့တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ကားလမ်းရေကျော်နေသည့် ခေါင်းဆေးကျွန်းနေရာနှင့် မဟာမြိုင်လမ်းနေရာတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ …

Read More »