Home / 2024 / August / 13

Daily Archives: August 13, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၃ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဩဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် သီလရှင်ဝတ်စုံများ လှူဒါန်း ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည် ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား …

Read More »