Home / 2024 / August / 14

Daily Archives: August 14, 2024

ပဲခူးခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်း များမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများအတွင်း မိုးစပါးပြန်လည်စိုက်ပျိုးနေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးခရိုင်အတွင်း ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်းများမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွင်း မိုးစပါး ပြန်လည်စိုက်ပျိုး နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွအုပ်စု၊ ဖရဲကွင်း၌ ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သက်တမ်းတူ၊ မျိုးတူ စပါးပျိုးပင်များ ကောက်စိုက်လုံမေများဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးနေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသတွင်း ရေကြီးနစ်မြှုပ်သည့် လယ်မြေများအတွက် မြို့နယ်အလိုက် အရံပျိုးထောင်ခင်းမှ ပျိုးပင်ဖြန့်ဝေခြင်းအား အမြန်ဆောင်ရွက်သွားရန်၊ ရေလွှမ်းခဲ့သည့် မိုးစပါး စိုက်ခင်းများအား မြို့နယ်အလိုက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းစိစစ်၍ ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း …

Read More »

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး သြဂုတ် ၁၄      ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ သြဂုတ်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။         ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားကွင်းအတွင်း နေရာယူပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်အား အလံကိုင်တပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်(၆)ခရိုင်နှင့် တက္ကသိုလ်/ကောလိပ် အသီးသီးမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုသစ္စာပြုခဲ့ကြပြီး အလံကိုင်အဖွဲ့နှင့်အတူ အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။         ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့က သရုပ်ပြ …

Read More »