Home / 2024 / August / 15

Daily Archives: August 15, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၁၅ ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ်လ(၁၅) ရက်နေ့ နံနက် ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲအ​​ဖြစ် အမျိုးသားမီတာ(၈၀၀)၊ အမျိုးသမီး(၂၀၀)နှင့် အမျိုးသားမီတာ(၄၀၀) လက်ဆင့်ကမ်း ယှဉ်ပြိုင်နေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ၊ ဒေသခံ ပြည်သူများက ကြည့်ရှု့အားပေးကြသည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး မီတာ(၁၆၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၅၀၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ …

Read More »