Home / 2024 / August (page 2)

Monthly Archives: August 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပပြု လုပ်

ပဲခူး ဩဂုတ် ၁၇           ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ၂၀၂၄-၂၀၂၄၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား အား ဩဂုတ်လ(၁၆) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်သည် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးသည် အလွန်အရေးကြီးကြောင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီးဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထု ကိုယ်တိုင်စိတ်ဝင်တစား ပါဝင် ဆောင်ရွက်လာကာ အာဟာရပြည့်ဝကျန်းမာစေသည့် အသိပညာ၊ အမူအကျင့်များ ပိုမိုကောင်းမွန် မှန်ကန်လာစေပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေမှာဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာ တွင် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ …

Read More »

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁.၂) သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး ဩဂုတ် ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄) ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်သည့် မြေနေရာများရှိခြင်း၊ လုပ်သားအင်အား ပေါကြွယ်ဝခြင်းစသည့် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး၌ အလုပ်ရှင် အလုပ်သမား ပြဿနာဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းစွာဖြင့် စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်ကြီးကြပ်ရေးနှင့်စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ အနေဖြင့် တည်ဆောက်ဆဲ စက်ရုံ/အလုပ်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး ၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြီးကြပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ စက်ရုံ/အလုပ်ရုံများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်း ကူညီဆောင်ရွက်ပေးရမှာဖြစ်သလို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး သြဂုတ် ၁၅ ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ်လ(၁၅) ရက်နေ့ နံနက် ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲအ​​ဖြစ် အမျိုးသားမီတာ(၈၀၀)၊ အမျိုးသမီး(၂၀၀)နှင့် အမျိုးသားမီတာ(၄၀၀) လက်ဆင့်ကမ်း ယှဉ်ပြိုင်နေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ၊ ဒေသခံ ပြည်သူများက ကြည့်ရှု့အားပေးကြသည်။ ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး မီတာ(၁၆၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၅၀၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ …

Read More »

ပဲခူးခရိုင်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်း များမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများအတွင်း မိုးစပါးပြန်လည်စိုက်ပျိုးနေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးခရိုင်အတွင်း ကြိုတင်ပျိုးထောင်ထားသည့် အရံပျိုးခင်းများမှ ပျိုးပင်များဖြင့် ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွင်း မိုးစပါး ပြန်လည်စိုက်ပျိုး နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွအုပ်စု၊ ဖရဲကွင်း၌ ရေကြီးနစ်မြှုပ်ခဲ့သည့် လယ်မြေများတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် သက်တမ်းတူ၊ မျိုးတူ စပါးပျိုးပင်များ ကောက်စိုက်လုံမေများဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးနေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသတွင်း ရေကြီးနစ်မြှုပ်သည့် လယ်မြေများအတွက် မြို့နယ်အလိုက် အရံပျိုးထောင်ခင်းမှ ပျိုးပင်ဖြန့်ဝေခြင်းအား အမြန်ဆောင်ရွက်သွားရန်၊ ရေလွှမ်းခဲ့သည့် မိုးစပါး စိုက်ခင်းများအား မြို့နယ်အလိုက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းစိစစ်၍ ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း …

Read More »

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး သြဂုတ် ၁၄      ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ သြဂုတ်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။         ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားကွင်းအတွင်း နေရာယူပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်အား အလံကိုင်တပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်(၆)ခရိုင်နှင့် တက္ကသိုလ်/ကောလိပ် အသီးသီးမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုသစ္စာပြုခဲ့ကြပြီး အလံကိုင်အဖွဲ့နှင့်အတူ အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။         ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့က သရုပ်ပြ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၃ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဩဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် သီလရှင်ဝတ်စုံများ လှူဒါန်း ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည် ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား …

Read More »

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ပဲခူး သြဂုတ် ၁၂ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို သြဂုတ်လ(၁၂) ရက်နေ့ နံနက်(၆)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/အမျိုးသမီး စက်ဘီးစီးအားကစားသမားများအား ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး ရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သေနတ်ဖောက်၍ တာလွှတ်ပေးပြီး ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပဲခူးမြို့အဝင် တိုးဂိတ်အလွန် တိုက်ကြီး-ဖောင်ကြီးလမ်းဆုံအထိ အသွား/အပြန် (၁၅)မိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲသို့ အမျိုးသား၊အမျိုးသမီးစုစုပေါင်း(၁၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါး စိုက်ဧကများအနက် ပြန်ပေါ်သည့်လယ်မြေများတွင်  မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/ တံတား ပျက်စီးမှု တို့အား ကွင်းဆင်းကြည့်ရှုပံ့ပိုးဆောင်ရွက်

သာယာဝတီ ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါး စိုက်ဧကများအနက် ပြန်ပေါ်သည့် လယ်မြေများတွင်  မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/တံတားပျက်စီးမှုတို့အား ကွင်းဆင်း ကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ညောင်ဝိုင်း ကျေးရွာ အုပ်စုနှင့် ကျွဲသတ်ကြီးကျေးရွာအုပ်စုရှိတို့၌ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ခဲ့သည့် မိုးစပါး စိုက်ဧကများအား သက်တမ်းတူ၊ မျိုးတူစပါးမျိုးမှသားတက်ပွားယူ၍ ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြစ်ရေမြင့်တက် နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမည့် သတင်းထုတ်ပြန်ချက်များအပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန်  တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများအား ပြန်လည်ကုစား ပေးနိုင်ရေး အတွက် ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်းများ ပြင်ဆင်ထားရှိခြင်း၊ မျိုးစပါးများ ကြိုတင်စုဆောင်းခြင်း များကို ဆောင်ရွက်ထားရှိပြီး၍ ဒေသခံတောင်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး အားပေးစကားပြောကြားခဲ့သည်။ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရေကြီးနစ်မြှုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဩဂုတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် ရေကြီးနစ်မြှုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ဇူလိုင် လနှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းများကြောင့် သီးနှံစိုက်ခင်း များ ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧကနှင့် ပျက်စီးဧကများ စနစ်တကျပြုစု၍ တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည် စိုက်ပျိုးနိုင်ရေး ချက်ခြင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးစပါးထိခိုက်ဧကများအား ပြန်လည် ဖာထေးစိုက်ပျိုးရာတွင် သက်တမ်းတူ၊ မျိုးတူစိုက်ခင်းများမှ သားတက်ပွှားများရယူ စိုက်ပျိုးသွားရ မှာဖြစ်ပြီး ပျက်စီးဧကများအတွက် ကြိုတင်ပျိုးထောင်စနစ်ဖြင့် …

Read More »

ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အခွင့်အရေးလိုင်စင်များအတွက် တင်ဒါခေါ်ယူခြင်း

ပြည် ဩဂုတ် ၈ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————  

Read More »