Home / 2024 / October

Monthly Archives: October 2024

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် အကြောင်းအရင်းများကို စနစ်တကျဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေနိုင်မှာဖြစ် ကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိကလူ့စွမ်းအားအရင်း အမြစ်ဖြစ် သည့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များကို လက်ရုံးရည်သာမက နှလုံးရည်မြင့်မားအောင်၊ သဘာဝဘေးအသိပညာနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်မြင့်မားအောင် လေ့ကျင့်မွေးထုတ်ကြရမှာဖြစ် ကြောင်း၊ အနာဂတ်ကာလတွင် မညီမျှမှုများ၊ ကွာဟမှုများ၊ လျော့နည်းပပျောက်ပြီး သဘာဝဘေးဒဏ် ခံနိုင်စွမ်းမြင့်မားသည့် လူမှုပတ်ဝန်းကျင်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အခြေခံအဆောက်အအုံများ ဖြင့် မျှော်မှန်းထားသော သဘာဝဘေးထိခိုက်မှု လျော့ပါးရေးရည်မှန်းချက်ကို …

Read More »

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်

ပဲခူး အောက်တိုဘာ ၁၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ရှေးဦးစွာ မဟာဇနကဇာတ်တော်ကြီး ဝင်ရောက်ယှဉ်ပြိုင်မည့် “ရွှေမင်းသားလေး ကောင်းစစ်ဟိန်း” အဖွဲ့မှ “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခြင်းသည် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသော ပညာ၊ သမ္ဘာနှင့် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များ၏ …

Read More »

ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၃)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၁၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ် ဓမ္မာရုံ တော်ကြီး၌ ကျင်းပပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၃)ကြိမ် မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။           ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ရတနာမာရ်အောင် တောရကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နှစ်စဉ် ဧရာဝတီမြစ်ရေကျော်သည့်နေရာ ပန်းတောင်း – ဒေါင်းမြတ်နားလမ်း ရေကျော်ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပိုင်း အလိုက် ရေထွက်ပေါက်များ ကောင်းမွန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့၊ ဝန်သိုရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ၎င်းနောက် ဦးစိုးမင်း၏ “သဘာဝအရသာ” သစ်သီးယိုမျိုးစုံ ထုတ်လုပ်ရောင်းချနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်သွားရန်၊ သဘာဝသစ်သီးအရသာ …

Read More »

ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ပန်းတောင်း အောက်တိုဘာ ၁၁           ပန်းတောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်(၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းခဲ့မှုကြောင့် အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ် အရ ပန်းတောင်းမြို့နယ်မှ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၆)စုရှိ အိမ်ထောင်စု(၁၀၄၂)၊ လူဦးရေ(၃၇၀၃)ဦး အတွက် ဆန်အိတ် ပေါင်း(၃၃၈)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက်အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တရားမဝင် ထုတ်ပြန်သည့် သတင်းအချက် အလက်များအား မယုံကြည်ကြရန်နှင့် …

Read More »

ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ရွှေတောင် အောက်တိုဘာ ၁၀           ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသောဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှန်တကယ်ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများထံသို့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသည့် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်သည် ရေဘေးသင့် ပြည်သူများကို တိုက်ရိုက်အကျိုးပြုသော အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာရွာသွန်းခဲ့၍ ရေဘေး သင့်ခဲ့သည့် ရွှေတောင်မြို့နယ်မှ ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၁၁)စုရှိ အိမ်ထောင်စု(၁၀၅၈)၊ လူဦးရေ(၃၅၂၂)ဦးအတွက် ဆန်အိတ်ပေါင်း(၃၂၁)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ရွှေတောင် အောက်တိုဘာ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု ၌ တောင်သူ ဦးစိုးအောင်၏ ဗီယက်နမ်မျိုး မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီး စိုက်ပျိုးနေရာမှ သီးထပ်စွမ်းအား တိုးတက်စေရေး တစ်နှစ်(၃)သီးစိုက်ပျိုးရန် လိုအပ်သည့် စိုက်ပျိုးရေရှိ ရေး၊ နွေနှမ်းအား ဘောင်ကြီးတင်စနစ်စိုက်ပျိုးနိုင်ရေး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုတင်း(၁၆၃)တင်း ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည် အောက်တိုဘာ ၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။           ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တောင်သူ ဦးနေအောင်၏ ဗီယက်နမ်မျိုး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၆၉.၆၂)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ရေသွင်းစိုက်ပျိုး သည့် လယ်မြေများအတွက် ရေပေးမြောင်းများ ပြန်လည် အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မှော်ဇာကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ သည်။ ၎င်းနောက် မှော်ဇာကျေးရွာရှိ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု

သာယာဝတီ အောက်တိုဘာ ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၌ တောင်သူ ဦးကျော်စိုး၏ တစ်ကွင်းတစ်ဆက်တည်း ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်မိုး (၂)သီး ဗီယက်နမ်မျိုး မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်မိုး(၂) စိုက်ပျိုးသည့် နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေး တောင်အသိပညာပေး စံပြစိုက်ခင်းများ ထူထောင်သွားရန်နှင့် မြေဆီဩဇာပြန်လည်ကောင်းမွန်စေရး ဆောင်းသီးနှံတွင် အထွက်နှုန်းကောင်း ပဲမျိုး ရွေးချယ်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲသတ်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် တတိယအကြိမ်မြောက် ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် လယ်မြေများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရာသီဥတုအညွှန်းကိန်း အခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေး အပ်ပွဲ အခမ်းအနာသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ အောက်တိုဘာ ၇           သာယာဝတီမြို့၊ ဆရာစံခန်းမ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင် အတွင်း ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်အတွင်း ဇူလိုင်လနှင့် ဩဂုတ်လတွင် ရွာသွန်းမြဲထက် မိုးရေချိန်လက်မ (၂၀.၀၇)လက်မ ပိုမိုရွာသွန်းခဲ့၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ရကြောင်း၊ သာယာဝတီခရိုင်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွက် စိုက်ပျိုးစရိတ်ထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံထားရှိသည့် တောင်သူဦးရေ(၁၉၅၈၆) ဦး၊ ဧကပေါင်း(၁၃၄၀၁၇)အတွက် လျော်ကြေးငွေကျပ် (၄.၀၂၀)ဘီလီယံ ပေးအပ်သွားမှာဖြစ်ပြီး ရေကြီး နစ်မြှုပ်ဧကများအတွက်လည်း ထပ်မံထုတ်ပေးရမှာဖြစ်၍ အာမခံထားရှိသည့် ရေကြီးနစ်မြှုပ်ဧကများ တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ အမြန်ဆုံး မှန်ကန်သောစာရင်းဇယားများ ကောက်ခံရရှိရေး ဆောင်ရွက်စေလို ကြောင်း၊ …

Read More »