Home / 2024 / October / 10

Daily Archives: October 10, 2024

ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ရွှေတောင် အောက်တိုဘာ ၁၀           ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသောဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှန်တကယ်ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများထံသို့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသည့် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်သည် ရေဘေးသင့် ပြည်သူများကို တိုက်ရိုက်အကျိုးပြုသော အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာရွာသွန်းခဲ့၍ ရေဘေး သင့်ခဲ့သည့် ရွှေတောင်မြို့နယ်မှ ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၁၁)စုရှိ အိမ်ထောင်စု(၁၀၅၈)၊ လူဦးရေ(၃၅၂၂)ဦးအတွက် ဆန်အိတ်ပေါင်း(၃၂၁)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ရွှေတောင် အောက်တိုဘာ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရွှေတောင်မြို့နယ်တွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု ၌ တောင်သူ ဦးစိုးအောင်၏ ဗီယက်နမ်မျိုး မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၂)သီး စိုက်ပျိုးနေရာမှ သီးထပ်စွမ်းအား တိုးတက်စေရေး တစ်နှစ်(၃)သီးစိုက်ပျိုးရန် လိုအပ်သည့် စိုက်ပျိုးရေရှိ ရေး၊ နွေနှမ်းအား ဘောင်ကြီးတင်စနစ်စိုက်ပျိုးနိုင်ရေး၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုတင်း(၁၆၃)တင်း ထွက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »