Home / 2024 / October / 02

Daily Archives: October 2, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ကြုံတွေ့နိုင်မှာဖြစ်သည့်အတွက် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးကို ဦးစားပေးဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်းအပြင် တာများ၏ သတ်မှတ်အမြင့်ပေ ရှိ/မရှိ ကွင်းဆင်းစိစစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ များ ပြန်လည်ကျဆင်းနေပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေပြိီဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်/ပျက်စီးခဲ့သည့် စာရင်းဇယား များ ကောက်ခံရာတွင် အောက်ခြေကွင်းဆင်း၍ …

Read More »