Home / 2024 / October / 09

Daily Archives: October 9, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည် အောက်တိုဘာ ၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။           ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တောင်သူ ဦးနေအောင်၏ ဗီယက်နမ်မျိုး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၆၉.၆၂)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ရေသွင်းစိုက်ပျိုး သည့် လယ်မြေများအတွက် ရေပေးမြောင်းများ ပြန်လည် အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မှော်ဇာကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ သည်။ ၎င်းနောက် မှော်ဇာကျေးရွာရှိ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှု

သာယာဝတီ အောက်တိုဘာ ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၌ တောင်သူ ဦးကျော်စိုး၏ တစ်ကွင်းတစ်ဆက်တည်း ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်မိုး (၂)သီး ဗီယက်နမ်မျိုး မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်မိုး(၂) စိုက်ပျိုးသည့် နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေး တောင်အသိပညာပေး စံပြစိုက်ခင်းများ ထူထောင်သွားရန်နှင့် မြေဆီဩဇာပြန်လည်ကောင်းမွန်စေရး ဆောင်းသီးနှံတွင် အထွက်နှုန်းကောင်း ပဲမျိုး ရွေးချယ်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲသတ်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာ သွန်းခဲ့မှုကြောင့် တတိယအကြိမ်မြောက် ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် လယ်မြေများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရာသီဥတုအညွှန်းကိန်း အခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေး အပ်ပွဲ အခမ်းအနာသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ အောက်တိုဘာ ၇           သာယာဝတီမြို့၊ ဆရာစံခန်းမ၌ အောက်တိုဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင် အတွင်း ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံ သတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီခရိုင်အတွင်း ဇူလိုင်လနှင့် ဩဂုတ်လတွင် ရွာသွန်းမြဲထက် မိုးရေချိန်လက်မ (၂၀.၀၇)လက်မ ပိုမိုရွာသွန်းခဲ့၍ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ရကြောင်း၊ သာယာဝတီခရိုင်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွက် စိုက်ပျိုးစရိတ်ထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံထားရှိသည့် တောင်သူဦးရေ(၁၉၅၈၆) ဦး၊ ဧကပေါင်း(၁၃၄၀၁၇)အတွက် လျော်ကြေးငွေကျပ် (၄.၀၂၀)ဘီလီယံ ပေးအပ်သွားမှာဖြစ်ပြီး ရေကြီး နစ်မြှုပ်ဧကများအတွက်လည်း ထပ်မံထုတ်ပေးရမှာဖြစ်၍ အာမခံထားရှိသည့် ရေကြီးနစ်မြှုပ်ဧကများ တိုက်ဆိုင်စစ်ဆေးအတည်ပြုနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ အမြန်ဆုံး မှန်ကန်သောစာရင်းဇယားများ ကောက်ခံရရှိရေး ဆောင်ရွက်စေလို ကြောင်း၊ …

Read More »