ပဲခူး အောက်တိုဘာ ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နှစ်စဉ် ဧရာဝတီမြစ်ရေကျော်သည့်နေရာ ပန်းတောင်း – ဒေါင်းမြတ်နားလမ်း ရေကျော်ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပိုင်း အလိုက် ရေထွက်ပေါက်များ ကောင်းမွန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့၊ ဝန်သိုရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ၎င်းနောက် ဦးစိုးမင်း၏ “သဘာဝအရသာ” သစ်သီးယိုမျိုးစုံ ထုတ်လုပ်ရောင်းချနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်သွားရန်၊ သဘာဝသစ်သီးအရသာ …
Read More »Daily Archives: October 11, 2024
ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်
ပန်းတောင်း အောက်တိုဘာ ၁၁ ပန်းတောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်(၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းခဲ့မှုကြောင့် အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ် အရ ပန်းတောင်းမြို့နယ်မှ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၆)စုရှိ အိမ်ထောင်စု(၁၀၄၂)၊ လူဦးရေ(၃၇၀၃)ဦး အတွက် ဆန်အိတ် ပေါင်း(၃၃၈)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက်အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တရားမဝင် ထုတ်ပြန်သည့် သတင်းအချက် အလက်များအား မယုံကြည်ကြရန်နှင့် …
Read More »
					
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website