ပြည် အောက်တိုဘာ ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ် ဓမ္မာရုံ တော်ကြီး၌ ကျင်းပပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၃)ကြိမ် မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ရတနာမာရ်အောင် တောရကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website