Home / 2024 / October / 13

Daily Archives: October 13, 2024

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် အကြောင်းအရင်းများကို စနစ်တကျဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေနိုင်မှာဖြစ် ကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိကလူ့စွမ်းအားအရင်း အမြစ်ဖြစ် သည့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များကို လက်ရုံးရည်သာမက နှလုံးရည်မြင့်မားအောင်၊ သဘာဝဘေးအသိပညာနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်မြင့်မားအောင် လေ့ကျင့်မွေးထုတ်ကြရမှာဖြစ် ကြောင်း၊ အနာဂတ်ကာလတွင် မညီမျှမှုများ၊ ကွာဟမှုများ၊ လျော့နည်းပပျောက်ပြီး သဘာဝဘေးဒဏ် ခံနိုင်စွမ်းမြင့်မားသည့် လူမှုပတ်ဝန်းကျင်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အခြေခံအဆောက်အအုံများ ဖြင့် မျှော်မှန်းထားသော သဘာဝဘေးထိခိုက်မှု လျော့ပါးရေးရည်မှန်းချက်ကို …

Read More »

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်

ပဲခူး အောက်တိုဘာ ၁၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ရှေးဦးစွာ မဟာဇနကဇာတ်တော်ကြီး ဝင်ရောက်ယှဉ်ပြိုင်မည့် “ရွှေမင်းသားလေး ကောင်းစစ်ဟိန်း” အဖွဲ့မှ “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခြင်းသည် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသော ပညာ၊ သမ္ဘာနှင့် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များ၏ …

Read More »