Home / 2024 / October / 23

Daily Archives: October 23, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

တောင်ငူ အောက်တိုဘာ ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်၊ ထီးလှိုင် လမ်းနှင့် ကေတုမတီရှေးဟောင်းကျုံးကြား၌ အများပြည်သူ စိတ်လက်အပမ်းဖြေနိုင်စေရေး ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူး တိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစ်စစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်းကျုံး၊ ယိုးဒယား ပေါက်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ကျုံးလမ်းတစ်လျောက် ကျူးကျော်မှုမရှိစေရေး၊ …

Read More »

တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ အောက်တိုဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာဂီမုန်တိုင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်း စက်တင်ဘာလ(၁၁)ရက်နှင့် (၁၂)ရက်နေ့တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရပြီး မြို့နယ်(၅)မြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၁၄၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၉၀၂၁)စု၊ လူဦးရေ(၇၃၈၅၁)အား အချိန်မီပြောင်းရွေ့ခြင်းနှင့် နေထိုင်စားသောက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ်(၅၉၆)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်(၆၂၂)လုံး အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းသည် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ နောင်အနာဂတ်ကာလတွင် …

Read More »