Home / 2024 / October / 24

Daily Archives: October 24, 2024

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်အားပေးထောက်ပံ့

ပဲခူး အောက်တိုဘာ ၂၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း ဒေသကြီး ကိုယ်စားပြု အားကစားသမားများ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ အမျိုးသား/ အမျိုးသမီး ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့် နေမှုအားလည်းကောင်း၊ ဟင်္သာလမ်း၊ ရိုးရာခြင်းအားကစားရုံ၌ အမျိုးသား/ အမျိုးသမီး ရိုးရာခြင်း စခန်း သွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ရွှေမော်ဓောဘုရားလမ်း၊ မိုးလုံလေလုံအားကစားရုံ၌ ဘက်စကက် ဘောအားကစား စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်းရှိ မာဃမင်းတင်းနစ်အကယ်ဒမီ၌ တင်းနစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း၊ ပဲခူးခရိုင်အားကစားကွင်း၌ ပြေးခုန်ပစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားသမားတိုင်း မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး …

Read More »

“ရာဂီ”မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးရန်အတွက် ဆောင်းသီးနှံ မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်

တောင်ငူ အောက်တိုဘာ ၂၄           တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက “ရာဂီ” မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်အစားထိုး စိုက်ပျိုးရန် အတွက် ဆောင်းသီးနှံမတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်တင်ဘာလအတွင်း “ရာဂီ”မုန်တိုင်း အရှိန်ကြောင့် ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ငူခရိုင်အပါအဝင် မြို့နယ်(၁၀)တွင် မိုးစပါးစိုက်ဧက(၁)သိန်း(၂)သောင်းကျော် ရေကြီးနစ်မြှုပ်ခဲ့ပြီး ပျက်စီးဧက(၇)သောင်း(၇)ထောင်ကျော် ရှိခဲ့ ပြီး ဧက(၁၅၀၀၀)ကျော်အား သက်တမ်းတိုစပါးမျိုးဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် အခြေအနေမပေးသည့် နေရာများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ ဆောင်းနှမ်း၊ အစေ့ထုတ်ပြောင်း အပါအဝင် ရေမြေသဘာဝနှင့်ကိုက်ညီသည့် သီးနှံများကို ပြန်လည်စိုက်ပျိုး သွားကြရမှာဖြစ်ကြောင်း၊ …

Read More »