ပဲခူး အောက်တိုဘာ ၃၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုပွဲအခမ်းအနားအား အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ရာဂီ”မုန်တိုင်းအရှိန်ကြောင့် စစ်တောင်း မြစ်ရေ မြင့်တက်ခဲ့ပြီး စက်တင်ဘာလ(၁၁)ရက်နေ့တွင် ရေတာရှည်၊ ရေနီနှင့် သာဂရမြို့တို့တွင် စတင်ရေ ဝင်ရောက်ခဲ့ရာမှ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှုစတင်မဖြစ် ပွားမီအချိန်ကပင် ကြိုတင်ပြောင်းရွေ့နိုင်ရေး စီမံဆောင်ရွက်ခဲ့ခြင်းကြောင့် အသင့်စုဖွဲ့ထားသည့် တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများ စုပေါင်းအားဖြင့် ပြည်သူများဘေးလွတ်ရာသို့ သက်စွန့်ကြိုးပမ်း ရွေ့ပြောင်းပေးနိုင်ခဲ့သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ …
Read More »