Home / 2025 / September

Monthly Archives: September 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၃၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာသို့ ရောက်ရှိခဲ့ပြီး အတွင်းလမ်းသွယ်(၅) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် နိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းသွယ်များအားလုံး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက်တင်ပြပေးရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းသို့ရောက်ရှိခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ဆရာ/ဆရာမ လုံလောက်မှုရှိစေရေး နှင့် ခေတ်မီကလေးကစားကွင်းတစ်ခု တည်ဆောက်ပေးရန် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေး

ပဲခူး စက်တင်ဘာ ၂၉           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဦးမျိုးဆွေဝင်း ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း အခမ်း အနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား ကျန်းကျန်းမာမာ စုစုစည်းစည်းတွေ့ဆုံရ၍ အထူး ဝမ်းမြောက်ရကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့အား ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာ အပြန်အလှန်အကူအညီပေးရန်နှင့် နိုင်ငံတော်အကျိုးပြုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များသည် ယခင်ကတိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ အသက်ခန္ဓာကို မငဲ့ကွက်ပဲ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများဖြစ်သလို …

Read More »

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာ ဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းပြုလုပ်

ပဲခူး စက်တင်ဘာ ၂၈           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ နှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှု့ အားပေးခဲ့သည်။       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူး ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်၊ မြို့မိမြို့ဖများနှင့်အတူ နှလုံးနှင့်သွေးကြောရောဂါ လာရောက်ပြသကြ သည့် လူနာများအား လိုက်လံကြည့်ရှု့ကြပြီး အားပေးစကားများပြောကြားကာ ဆေးဝါးပြည့်စုံလုံလောက် စွာ ပေးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံပြသလာကြသည့် နှလုံးရောဂါလူနာ (၁၀၀၀) ဦးကျော်အား နေ့လည်စာ ကျွေးမွေးခဲ့ကြသည်။           အဆိုပါ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း) စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၌ (YAR-14)စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံမိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍  စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေသခံတောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ရေ မြေ သဘာဝနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်းရရှိသည့် မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ပေးလျက် ရှိရာ တောင်သူများအနေဖြင့် မိမိတို့၏ ရေမြေသဘာဝနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို မဖြစ် မနေ ပြောင်းလဲစိုက်ပျိုးသွားရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း သဲဆန်ကုန်းကြောမြေ ဧရိယာများအတွက် YAR-14 စပါးမျိုး လုံလောက်စွာဖြန့်ဖြူးပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားသည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည် စက်တင်ဘာ ၂၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ ပြည်သာယာ ရပ်ကွက်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ကိုင်လျက်ရှိသော “ပေါက်ကြီး” ရေခဲမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်း Solar စနစ်ဖြင့် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး MSMEs လုပ်ငန်းများ Solar စနစ်ဖြင့် လု်ပငန်း စဉ်ဆက် မပြတ်လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လျော့နည်းမှုမရှိစေရေးတို့အတွက် အားပေး ဆောင်ရွက်သွားရန်၊ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် MSMEs လုပ်ငန်းများသည် ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းကို အခြေခံထုတ်လုပ်သည့်အပြင် ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင်များဖန်တီးပေးထားခြင်းဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်း များ ပေါများစေရေး MSMEs လုပ်ငန်းရှင်သစ်များ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၄           ပြည်မြို့၊ တည်ဆောက်ရေး(၂) အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို တစ်ဘက်မှာလည်း စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေ နိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပြီး စပါးနှင့်ပဲသည် ဒုတိယအများ ဆုံးစိုက်ပျိုးကာ ပြည်ပသို့အများဆုံး တင်ပို့နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိ ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၌ စပါးနှင့်ဘဲ ပေါင်းစပ်စိုက်ပျိုးမွေးမြူခြင်း သရုပ်ပြသမှု အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး စပါးခင်းများအတွင်း မိုးရာသီတွင်ကျရောက်လေ့ရှိသည့် ရွှေခရုများ နှိမ်နင်းရာတွင် ပိုးသတ်ဆေးမသုံးဘဲ သဘာဝနည်းလမ်းအတိုင်း ဘဲမွေးမြူလွှတ်ကျောင်းခြင်းသည် အထိ ရောက်ဆုံးဖြစ်ကာ စပါးခင်းများ ပေါင်းမြက်ဖယ်ရှားရမှု သက်သာခြင်း၊ စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ရရှိခြင်းတို့စသည့် အကျိုးကျေးဇူးများရရှိခြင်းအပြင် ဒေသတွင်း အသား၊ ဥ ဖူလုံမှုကိုလည်း တိုးတက်လာ စေနိုင်မှာဖြစ်၍ ကျေးရွာအုပ်စုများအလိုက် တောင်သူအစုအဖွဲ့ဖြင့် ဘဲမွေးမြူခြင်းလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား …

Read More »

ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ ရှေးဟောင်း သမိုင်းဝင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ ပုညကရဏလေးထပ် ဓမ္မာရုံတော်ကြီး၌ ကျင်းပ ပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများဆန်လှူအသင်းမှ (၄၄)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။           ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမော တဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ရွာဘဲ တောင်ပေါ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုမာရ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က (၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ …

Read More »

ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၂   ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ယမန် နေ့  မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့ သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက  စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက် ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် “မဟာသဒ္ဒမ္မဇာတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ၊ မဟာမင်္ဂလာဓမ္မာဇောတိကဓဇ”ဒေါက်တာဘဒ္ဒန္တဩဘာသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေကျပ် (၁၀၀)သိန်းအား အဘဏ္ဍာငွေရှာဖွေရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ဝင် မိသားစုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးခဲ့

ပြည် စက်တင်ဘာ ၂၂           ပြည်မြို့၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ နဝင်းရဲရိပ်သာခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက မိသားစုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေး၊ တစ်ပိုင်တစ်ပိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာ နိုင်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ဆပ်ပြာဆီအမျိုးမျိုး၊  မှန်ကြည်ဆေး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးမျိုးနှင့် Body Scrub ထုတ်လုပ်သည့် နည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်သည့်အပြင် သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းစတင်ထူထောင်နိုင်ရေး လုပ်ငန်းအလိုက် …

Read More »