Daily Archives: September 1, 2025

ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁           ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ လ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအနေနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြဖို့လိုအပ်မှာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစား လိုက်နာကြရ မှာဖြစ်ကြောင်း၊ ဒီပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမယ့် ထူးချွန်တဲ့ လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြား လိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဟာလည်း သာမန်အားကစားပြိုင်ပွဲ တစ်ရပ် မဟုတ်ဘဲ နိုင်ငံတကာ အလယ်မှာ ခြင်းလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ဖို့ အထောက်အကူ …

Read More »