Daily Archives: September 5, 2025

(၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၅           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မြန်မာ့ဆိုင်းဝိုင်းဖြင့် “လက်ရည်တပြင်တည်း” သီချင်းသီဆို၍ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ် မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နက်နဲသိမ်မွေ့ပြီး အဆင့် အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များအပေါ်  မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် ဂုဏ်ယူမြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် လက်ဆင့်ကမ်း အမွေအဖြစ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေရန်အတွက် အားပေးမြှင့်တင် ကျင်းပပေးရခြင်းဖြစ် …

Read More »