ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာတတ်မြောက်ခြင်းသည် လူသားများအတွက် အရည်အသွေးတစ်ရပ်ဖြစ်ပြီး လူမှုဘဝတိုးတက်မြင့်မာရေးအတွက် အရင်းအမြစ် တစ်ခုလည်းဖြစ်ကာ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် နည်းလည်မှုနှင့် ငြိမ်းချမ်းမှုရှိြခင်းတို့အတွက် အလွန်အရေးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရှိသူများအတွက် ကျောင်းပြင်ပ ပညာရေးကို စဉ်ဆက်မပြတ် ဖွင့်လှစ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို ယခုနှစ်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ်(၂၁)မြို့နယ်တွင် ကျောင်းပြင်ပ …
Read More »Daily Archives: September 8, 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းအဖွဲ့၏ ရည်မှန်းချက် (၄)ခုနှင့် လုပ်ငန်းစဉ်(၆)ရပ်အား တသွေမတိမ်း လိုက်နာဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုကြောင်း၊ ရဲမှုထမ်းဟောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရန်အင်အားတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်ဖွဲ့ အပေါ် သစ္စာရှိစွာဖြင့် မြို့၊ ရပ်/ရွာ လုံခြုံအေးချမ်းသာယာစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကိုယ်စွမ်းနိုင်သလောက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပါဝင်ကူညီသွားကြရမှာဖြစ်ကြောင်းနှင့် ရဲမှုထမ်းဟောင်း မိသားစုဝင်များအတွက်လည်း လိုအပ်သည်များကို ဘက်ပေါင်းစုံမှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရဲမှုထမ်းဟောင်းများ အတွက် တစ်ဦးလျှင် အခြေခံစားသုံးကုန် ဆန်(၁)အိတ်နှင့်ဆီ(၁)ပိဿာကိုလည်းကောင်း၊ …
Read More »