Daily Archives: September 10, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက် နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည်စုံကောင်းမွန်ရန်လိုအပ်မှာဖြစ်ပြီး မွေးမြူရေးနှင့်ပတ်သက်၍ ဒေသနှင့် ကိုက်ညီပြီး ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် ဒေသတွင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ် မွေးမြူသွားရမှာဖြစ်ကြောင်း၊ ရေကြီးရေနက်ကွင်းရှိ လယ်မြေများအား ရေလျော့ထုတ်ပေးနိုင်ပါက မိုးကောင်း သောက်လယ်မြေများအဖြစ် ပြောင်းလဲနိုင်ပြီး သီးနှံထပ်စွမ်းအား တိုးတက်လာမှာဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့သည့်သီးနှံများတွင်သုံးစွဲသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ နှင့်ပတ်သက်၍ သေချာ ဆန်းစစ်သုံးစွဲရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ အစားအစာ ဘေးကင်းလုံခြုံစေရေး အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရ …

Read More »