Daily Archives: September 12, 2025

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၁၂           ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင်(၁၅၀)ဦးကျော်မှ စုပေါင်းသွေးလှူဒါန်းနေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် လာရောက်သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် …

Read More »