Daily Archives: September 13, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၃၀၀) ချီးမြှင့်ပေးအပ်

ပဲခူး စက်တင်ဘာ ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အင်းဝင်ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊ ပုဏ္ဍားစုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(ဖောင်တော်ဦး)ကျောင်းများသို့ သွားရောက် ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံး ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ(၁၂)နေ့၊ မွန်းလွဲပိုင်းမှ စ၍ ပဲခူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(၃)ခု၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ခု နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(၃)ခု၊ စုစုပေါင်းအခြေခံပညာစာသင်ကျောင်း(၁၀)ခုအတွက် …

Read More »