ပဲခူး စက်တင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တပ်မတော်စစ်သည်မိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေနှင့် မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေးနှင့် ဝင်ငွေတိုးတက်ရရှိစေရေးအတွက် စက်တင်ဘာလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရန်ငြိမ်းအေးခန်းမ၌ “အသက်မွေးဝမ်းကျောင်းပညာ [စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်] သင်တန်းများ” ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေး၊ တစ်ပိုင်တစ်ပိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင် စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်သင်တန်းများကို လအလိုက် နယ်ပယ်ဒေသအစုံတွင် ဖွင့်လှစ်ပေးလျက်ရှိ ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းများမှ သင်ကြားပေးလိုက်တဲ့ ပညာရပ်များသည် သင်တန်းပြီးဆုံး …
Read More »