ပဲခူး အောက်တိုဘာ ၁၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိုဇုန်းလွှာသည် လေထု အတွင်း သဘာဝအလျောက်တည်ရှိသည့် အပြာရောင်ဖျော့ဖျော့ဓါတ်ငွေ့ဖြစ်ပြီး နေရောင်ခြည်မှလာသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားသည့် အလွှာတစ်ခုဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများသည် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ ခေတ်မီဆန်းသစ်သော လူ့အသုံးအဆောင်ပစ္စည်း များဖြစ်သည့် အအေးပေးစက်ပစ္စည်းများတွင် အိုဇုန်းလွှာကိုပျက်စီးစေသည့် ဒြပ်ပစ္စည်းများပါဝင်လျက်ရှိ သဖြင့် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ပြီး အိုဇုန်းလွှာထိခိုက်မှုမရှိသော ဒြပ်ပစ္စည်းများအသုံးပြုထားသော ရေခဲ သေတ္တာ၊ လေအေးပေးစက်စသည့် အိမ်အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုရမှာဖြစ်ကြောင်း၊ ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များကင်းဝေးစေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးတို့မှတစ်ဆင့် ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်တွေအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်စေနိုင်မှာဖြစ်ကြောင်းနှင့် …
Read More »