Daily Archives: September 17, 2025

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၇           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်း အနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအားစုတိုးတက်အောင် ဆောင်ရွက်နေသည့် အာမခံအလုပ်သမားများ၏ သားသမီးများ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးသည် အလွန်အရေးကြီးပြီး မဖြစ်မနေ ပံပိုးကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား များ၏ သားသမီး(၆၀၉၃)ဦးသည် စဉ်ဆက်မပြတ် ပညာသင်ကြားနေသည့်အတွက် ငွေကျပ်(၂၄၄.၄၅၅) သန်းနှင့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုး ခံစားခွင့်(၄၀)ရာခိုင်နှုန်းဖြင့် အာမခံအလုပ်သမား …

Read More »