ပဲခူး စက်တင်ဘာ ၁၈ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ်(၇)ဆုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ် အားကစားသမားကို ပဲခူးတိုင်းဒေသကြီးနယ်စပ် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဝမ်းဘောဒတ်တံတားမှ စတင်၍ ဂုဏ်ပြုကြိုဆိုခြင်းအားပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြိုဆိုဂုဏ်ပြုခဲ့သည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများဖြင့် အောင်မြင်မှုများ ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တင်းနစ်အားကစားဝါသနာရှင်များ၊ ပဲခူးမြို့နေပြည်သူ များက ပဲခူးမြို့နယ်အစပ် ဝမ်းဘော်ဒတ်တံတားမှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအထိ ကားလမ်းဘေးဝဲ/ယာမှ သောင်းသောင်းဖျဖျ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။ …
Read More »