ပဲခူး စက်တင်ဘာ ၂၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဦးမျိုးဆွေဝင်း ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း အခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်မှု ထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များအား ကျန်းကျန်းမာမာ စုစုစည်းစည်းတွေ့ဆုံရ၍ အထူး ဝမ်းမြောက်ရကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့အား ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာ အပြန်အလှန်အကူအညီပေးရန်နှင့် နိုင်ငံတော်အကျိုးပြုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များသည် ယခင်ကတိုင်းပြည်နှင့်လူမျိုးအတွက် မိမိတို့၏ အသက်ခန္ဓာကို မငဲ့ကွက်ပဲ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသူများဖြစ်သလို …
Read More »