ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာသို့ ရောက်ရှိခဲ့ပြီး အတွင်းလမ်းသွယ်(၅) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် နိုင်ရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းသွယ်များအားလုံး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက်တင်ပြပေးရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းသို့ရောက်ရှိခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းတွင်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ဆရာ/ဆရာမ လုံလောက်မှုရှိစေရေး နှင့် ခေတ်မီကလေးကစားကွင်းတစ်ခု တည်ဆောက်ပေးရန် …
Read More »