Home / 2025 / September (page 2)

Monthly Archives: September 2025

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် သာယာဝတီမြို့နယ်၌ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ စက်တင်ဘာ ၂၁           သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  စာကြည့်တိုက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား အောင်ရတနာခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၂)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြသည်”သီချင်း  ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်း များကို …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံ

ပဲခူး စက်တင်ဘာ ၂၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန်စပါးသည် ပြည်တွင်းစားသုံးမှုကို အဓိကအထောက်အကူပြုပေးနေသော်လည်း ပြည်ပနိုင်ငံများ၏ ဆန်းစပါး ဝယ်ယူမှုပေါက်ဈေးအပေါ် မှီခိုနေရသဖြင့်တောင်သူများအတွက် တွက်ချေကိုက်သည့် စပါးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေး မြို့နယ်များရှိ  ဆန်စက်လုပ်ငန်းရှင်များအသင်းအား ဆန်စပါးအသင်းချုပ်မှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ မကြာမီ မိုးစပါးများထွက်ရှိ လာတော့မှာဖြစ်၍ ယခုအချိန်ကတည်းက ပြည်တွင်း/ပြည်ပဈေးကွက်ရှာဖွေခြင်း၊တောင်သူလယ်သမား အကျိုးရှေးရှု၍ သင့်တင့်မျှတသောဈေးနှုန်းသတ်မှတ်၍ ဝယ်ယူပေးရန် ပြောကြားခဲ့သည်။           ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တောင်သူ လယ်သမားအကျိုးစီးပွားကာကွယ်နိုင်ရေးနှင့် လက်ရှိပြည်ပပို့ကုန်ဆန်စပါး၏ ပေါက်ဈေးအခြေအနေတို့ အားလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ဆန်စပါး Export Zone …

Read More »

၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၉           ၂ဝ၂၅ – ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၉) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက အခြေခံပညာအဆင့်သည် စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ သုတ၊ သက်မွေး စသည်ဘက်စုံပညာဖွံ့ဖြိုးတိုးတက် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်သလို အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံ အုတ်မြစ်ဖြစ်သည့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား/သူများဖြစ်လာစေရေးအတွက် ကျောင်းသား အားကစားပွဲတော်များကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ ခွန်အားနှင့်ဉာဏ်ရည်ကို စနစ်တကျလှုပ်ရှားစေခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုကိုဖြစ်ပေါ်စေသည့် ပညာရပ်တစ်ခုဖြစ်ကာ အနိုင်၊ အရှုံး တစ်ခုတည်းကိုမူတည်ပြီး ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံအားပေး

ပဲခူး စက်တင်ဘာ ၁၉           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူစဉ်ကပင် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ လက်ထက်တွင်လည်း ချမှတ် ပေးထားသည့် ဦးတည်ချက်(၄)ရပ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုနှင့် တိုင်းပြည်အနာဂတ်အတွက် မကြာမီ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပ ပေးရန် အချိန်အတိအကျဖြင့် အသိပေးကြေငြာထားပြီးဖြစ်ရာ အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော CRPH , NUG ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ အထွေထွေရွေးကောက်ပွဲ …

Read More »

တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၇)ဆုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ သော ပဲခူးတိုင်းဒေသကြီး တင်းနစ်အားကစားသမားများ ဂုဏ်ပြုကြိုဆိုပွဲကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၈        စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ်(၇)ဆုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ် အားကစားသမားကို ပဲခူးတိုင်းဒေသကြီးနယ်စပ် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဝမ်းဘောဒတ်တံတားမှ စတင်၍ ဂုဏ်ပြုကြိုဆိုခြင်းအားပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြိုဆိုဂုဏ်ပြုခဲ့သည်။           ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများဖြင့် အောင်မြင်မှုများ ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တင်းနစ်အားကစားဝါသနာရှင်များ၊ ပဲခူးမြို့နေပြည်သူ များက ပဲခူးမြို့နယ်အစပ် ဝမ်းဘော်ဒတ်တံတားမှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအထိ ကားလမ်းဘေးဝဲ/ယာမှ သောင်းသောင်းဖျဖျ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။           …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၇           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း နှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်း အနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ကုန်ထုတ် စွမ်းအားစုတိုးတက်အောင် ဆောင်ရွက်နေသည့် အာမခံအလုပ်သမားများ၏ သားသမီးများ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးသည် အလွန်အရေးကြီးပြီး မဖြစ်မနေ ပံပိုးကူညီဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား များ၏ သားသမီး(၆၀၉၃)ဦးသည် စဉ်ဆက်မပြတ် ပညာသင်ကြားနေသည့်အတွက် ငွေကျပ်(၂၄၄.၄၅၅) သန်းနှင့် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုး ခံစားခွင့်(၄၀)ရာခိုင်နှုန်းဖြင့် အာမခံအလုပ်သမား …

Read More »

ပဲခူးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၆           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိုဇုန်းလွှာသည် လေထု အတွင်း သဘာဝအလျောက်တည်ရှိသည့် အပြာရောင်ဖျော့ဖျော့ဓါတ်ငွေ့ဖြစ်ပြီး နေရောင်ခြည်မှလာသည့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးထားသည့် အလွှာတစ်ခုဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိနိုင်ငံများသည် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ ခေတ်မီဆန်းသစ်သော လူ့အသုံးအဆောင်ပစ္စည်း များဖြစ်သည့် အအေးပေးစက်ပစ္စည်းများတွင် အိုဇုန်းလွှာကိုပျက်စီးစေသည့် ဒြပ်ပစ္စည်းများပါဝင်လျက်ရှိ သဖြင့် ကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ပြီး အိုဇုန်းလွှာထိခိုက်မှုမရှိသော ဒြပ်ပစ္စည်းများအသုံးပြုထားသော ရေခဲ သေတ္တာ၊ လေအေးပေးစက်စသည့် အိမ်အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုရမှာဖြစ်ကြောင်း၊ ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များကင်းဝေးစေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးတို့မှတစ်ဆင့် ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်တွေအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်စေနိုင်မှာဖြစ်ကြောင်းနှင့် …

Read More »

ပဲခူးမြို့တွင် အသက်မွေးဝမ်းကျောင်းပညာ (စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်) သင်တန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၅         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တပ်မတော်စစ်သည်မိသားစုများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေနှင့် မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်ရေးနှင့် ဝင်ငွေတိုးတက်ရရှိစေရေးအတွက် စက်တင်ဘာလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ရန်ငြိမ်းအေးခန်းမ၌ “အသက်မွေးဝမ်းကျောင်းပညာ [စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန်] သင်တန်းများ” ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။        ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိရေး၊ တစ်ပိုင်တစ်ပိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင် စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်သင်တန်းများကို လအလိုက် နယ်ပယ်ဒေသအစုံတွင် ဖွင့်လှစ်ပေးလျက်ရှိ ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းများမှ သင်ကြားပေးလိုက်တဲ့ ပညာရပ်များသည် သင်တန်းပြီးဆုံး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၃၀၀) ချီးမြှင့်ပေးအပ်

ပဲခူး စက်တင်ဘာ ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အင်းဝင်ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊ ပုဏ္ဍားစုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(ဖောင်တော်ဦး)ကျောင်းများသို့ သွားရောက် ၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံး ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ(၁၂)နေ့၊ မွန်းလွဲပိုင်းမှ စ၍ ပဲခူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(၃)ခု၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၄)ခု နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(၃)ခု၊ စုစုပေါင်းအခြေခံပညာစာသင်ကျောင်း(၁၀)ခုအတွက် …

Read More »

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၁၂           ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင်(၁၅၀)ဦးကျော်မှ စုပေါင်းသွေးလှူဒါန်းနေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် လာရောက်သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် …

Read More »