Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

တောင်ငူ အောက်တိုဘာ ၂၃

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်၊ ထီးလှိုင် လမ်းနှင့် ကေတုမတီရှေးဟောင်းကျုံးကြား၌ အများပြည်သူ စိတ်လက်အပမ်းဖြေနိုင်စေရေး ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူး တိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစ်စစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်းကျုံး၊ ယိုးဒယား ပေါက်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ကျုံးလမ်းတစ်လျောက် ကျူးကျော်မှုမရှိစေရေး၊ အစဉ်အမြဲ သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ ကျုံးအတွင်းမှ စစ်တောင်းမြစ်အတွင်းသို့ တစ်ခုတည်းသော ရေထွက်ပေါက်ဖြစ်၍ ရေလမ်းကြောင်း ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သဝန်ငယ် ရပ်ကွက်ရှိဦးဉာဏ်ဝင်း၏ တစ်ရက်(၁၀)တန်ကျ စက္ကူပျော့ဖတ်စက်ရုံသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ကောက်ရိုး၊ ကြံကြိတ်ဖတ်နှင့် ဝါးများမှ ပျော့ဖက်များထုတ်၍ ပြည်ပသွင်းကုန်အစားထိုး စက္ကူထုတ်လုပ်နိုင်ရေး အကြံပြု အားပေးစကားပြောကြားခဲ့ပြီး စက်ရုံအတွင်း Recycle စနစ်ဖြင့် စက္ကူထုတ်လုပ်မှုများအား လှည့်လည် ကြည်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။