Home / 2026 / November / 04

Daily Archives: November 4, 2026

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးမြို့၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်) စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

ပဲခူး နိုဝင်ဘာ ၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်) စတင်အကောင်အထည်ဖော် ဆောင်ရွက်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရွှေတန်ကျေးရွာအနီး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်   ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်) စတင် အကောင် အထည်ဖော် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ နွားမွေးမြူရေးခြံ၊ ငါးမွေးမြူရေးကန်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း များ ဖော်ထုတ်ဆောင်ရွက်သွားမည့် အခြေအနေများအား လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်း တင်ပြခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်း စဉ် တစ်ခုချင်းအလိုက် စနစ်တကျ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် တိရစ္ဆာန် မွေးမြူရေးမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက် …

Read More »