ပဲခူး နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် တောင်ငူမြို့၊ ကေတုမတီ ရှေးဟောင်းကျုံးမြောက်ဘက်၌ မော်ကွန်းတံခါးအနီး ကျုံးကူးတံတားတည်ဆောက်မည့်နေရာသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ကျုံးပတ်လမ်းများ ကောင်းမွန်မှုရှိစေရေးနှင့် မြို့ရိုးတစ်လျောက်ရှိ ခြုံနွယ်များအား စဉ်ဆက်မပြတ် ဖယ်ရှားရှင်းလင်းရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူမြို့၊ နန်းတော်ရာ ဟောင်းနေရာ ရှာဖွေတူးဖော်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ကုန်းများအလိုက် ရှာဖွေ တွေ့ရှိသည်များကို ခေတ်အလိုက်ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားရှိရန်နှင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ကျူးကျော်မှုမရှိစေရေး …
Read More »Daily Archives: November 8, 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်ပဲပုတ် တိုးချဲ့စိုက်ပျိုး နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ဦးဝင်းအောင်၏ ဒေသကျွဲကောင်ရေ (၁၅၀) လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူထား ရှိမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံရာသီတွင် ဆီထွက်ပဲပုတ် တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အယ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲကြရန်နှင့် မြေအစိုဓါတ်ရှိချိန်အမီ စိုက်ပျိုးရန် ပြောကြားခဲ့ပြီး ဆီထွက်ပဲပုတ်မျိုးစေ့များ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website