ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအုပ်စု၌ ရေဆင်းပေါ်(၁) မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ အစိုတင်း( ၉၅) တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူတိုင်း ဒေသနွားပြန်လည် မွေးမြူနိုင်ရေးနှင့် သဘာဝမြေဩဇာသုံးစွဲနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အိုးဘိုကျေးရွာအနီး AI နည်းပညာသုံး ခေတ်မီစိုက်ပျိုးရေး စပါးအထူးဇုံ အကောင်အထည်ဖော်နိုင်ရေး အာကာသအေဂျင်စီမှ Lot Device များတည်ဆောက်တပ်ဆင်မည့်နေရာသို့ …
Read More »Monthly Archives: October 2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေ့စဉ်ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား၊ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လက်လီအဆင့်ဆင့်ကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်ဝစွာရောင်းချနိုင်ရေး၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုသာ ရောင်းချသွားရန်နှင့် အခြေခံ စားသုံးကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးတက္ကသိုလ်၌ တက္ကသိုလ်ဝန်ထမ်းများ၊ …
Read More »ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်အဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များသည် အလွန်တန်ဖိုးကြီးမားကာ မတိမ်ကောမပပျောက်အောင် လူငယ်များက လက်ဆင့် ကမ်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသူများအနေဖြင့် မိမိတို့၏အနုသုခုမပညာရပ်များကို အစွမ်းကုန်ကြိုးစား၍ ရိုးသားစွာယှဉ်ပြိုင်သွားကြရန် အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ …
Read More »၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားကစားနှင့်ကာယပညာ ဦးစီးဌာန ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ” ကို မိမိတို့ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ …
Read More »၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအား ပြိုင်ပွဲကျင်းပရေးအဖွဲ့၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဒိုင်လူကြီးများအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများက မိတ်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူရသလို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာရှိတဲ့ အားကစားသမားများ၏ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်နိုင်ပြီး သွေးစည်းညီညွတ်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှအားထားရတဲ့ ထူးချွန်တဲ့ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရရှိသေးသည့် နေကြာ၊ ပဲဇဉ်းငုံ၊ နှမ်းစသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် အပူဒဏ်နှင့် ရေအနည်းလို သီးနှံများကို ပြောင်းလဲစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေခက်ခဲမှုမရှိ စေရေး ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် အလိုက် မြေအမျိုးအစား အားသာချက်များအပေါ်မူတည်ကာ သီးနှံ Export …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက် မြို့၊ လုပ်ငန်းရှင် ဦးဇေယျာဝင်း၏ “သဘာဝ” Resin ပရိဘောဂနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်းသို့ ရောက်ရှိခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်လူသုံးကုန်ထုတ်လုပ်ခြင်းဖြစ်၍ တာဝန်ရှိသူ များက ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ ကျေးရွာသူ/သားများ၏ စုပေါင်းစားဖိုဆောင်သီးနှံ စိုက်ခင်းသို့ ရောက်ရှိစစ်ဆေး ခဲ့ပြီး စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးနှင့် သဘာဝမြေဩဇာကိုသုံးစွဲ၍ ဩဂဲနစ်သီးနှံစိုက်ခင်းအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပြည် အောက်တိုဘာ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ထမ္မကောက် ကျေးရွာအုပ်စု၌ တောင်သူဦးအောင်ကို၏ ဆီထွက်ပဲပုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်ပဲပုတ်အား တစ်ကွင်းတစ်ဆက်တည်း တိုးချဲ့ စိုက်ပျိုးရန်နှင့် သဘာဝရွတ်ဖြန်းမြေဩဇာသုံးစွဲနိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အနောက်လက်ခုပ်ပင် ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ထုတ်လုပ်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံး သီးနှံမျိုးစုံ မျိုးစေ့ချစက် စမ်းသပ်မောင်းနှင် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်မြို့၌ မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ပြိုင်ပွဲ ကျင်းပပြုလုပ်
ပြည် အောက်တိုဘာ ၁၂ ပြည်မြို့၊ ခေတ္တရာပြည်သု့ခန်းမ၌ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ဒေသသည် သရေ ခေတ္တရာ အမွေအနှစ်မြေဖြစ်သည့် ပျူမြို့ဟောင်းတည်ရှိရာနေရာတစ်ခုဖြစ်ပြီး ဒေသရိုးရာအစားအသောက် ယဉ်ကျေးမှုစုဝေးရာမြို့တစ်ခုလည်းဖြစ်ကြောင်း၊ ဒေသတစ်ခု၏ အစားအသောက် ယဉ်ကျေးမှုဆိုတာ ထိုဒေသရဲ့ ရာသီဥတု၊ စိုက်ပျိုးရေးထွက်ကုန်၊ လူနေမှုဘဝနဲ့ သမိုင်းကြောင်းတို့ရဲ့ ပေါင်းစပ်ရောင်ပြန်ဟပ် မှုဖြစ်ကြောင်း၊ ခေတ်သစ်ကမ္ဘာ့အမြင်မှာ အစားအသောက်ခရီးသွားလုပ်ငန်း (Food Tourism) ဟာ ဒေသတစ်ခုရဲ့ စီးပွါးရေးနှင့် ခရီးသွားကဏ္ဍကို မောင်းနှင်ပေးနိုင်တဲ့ အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ဒေသထွက် အစားအစားများအား ဘေးကင်းလုံခြုံပြီး အဆင့်အတန်းမီမီ အရသာရှိရှိဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website