ပဲခူး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ဝန်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ ဘုရားဖူးလာပြည်သူ လူဦးရေ(၁၅၀၀၀)အား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာ လာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။