တောင်ငူ မေ ၁၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲဝင် ဝန်ကြီးတိုသည် အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းသိုရောက်ရှိခဲ့ရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။
ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စဉ် ဆက်မပြတ်ဖွံဖြိုးတိုး တက်ဖို့ “ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံကြပါစို” ဆောင်ပုဒ်နှင့်အညီ မိမိတို၏ ကျေးရွာ/ ရပ်ကွက်များ အတွင်းရှိကျောင်းနေအရွယ် ကလေးအားလုံးကျောင်းတက်ရောက်နိုင်ရေး၊ တန်းစဉ် ကူးပြောင်းမှုနှုန်း တိုးတက်မြင့်မားစေရေးနှင့် ကျောင်းထွက်နှုန်းလျှော့ချရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရမှအခမဲ့ ပညာရေးစနစ် ဖော်ဆောင်ပေးသည့် ကျောင်းဝတ်စုံများ၊ စာအုပ်၊ ခဲတံနှင့် ဘောပင်များအား ကျောင်းသား/သူများထံ ပေးအပ်ခဲ့သည်။
ယင်းနောက် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် ကျောင်းအုပ်ဆရာမကြီး တိုအားဂုဏ်ပြုငွေများပေးအပ်ခဲ့သည်။ ၎င်းနောက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းသို ရောက်ရှိခဲ့ပြီး မူလတန်းပြ ဆရာ/ဆရာမ(၁၀၀)ဦးအား KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပိုချနေမှုတိုအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်း သား ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးတို့အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website