တောင်ငူ မေ ၁၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရဖွဲဝင် ဝန်ကြီးများနှင့်အတူ မေလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ် ငန်းများ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို၊ (၂၀)ရပ်ကွက်ရှိ ဦးစောအယ်ဒို ၏ ဒေသကြက်သားပေါက်လုပ်ငန်းသို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက် သားပေါက်များ စဉ်ဆက်မပြတ် ထုတ်လုပ်သွားရန်နှင့် ဒေသအတွင်းမှာ ကြက်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်နေသော တောင်ငူမြို့နယ်၊ အနောက်ဆင်ကျေးရွာရှိ ရေကြီးရေနက်ကွင်း လယ်မြေ(၂၀၀)အား ရေတော်မိုးတော် လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးရန် အိုင်သုံးဆင့်-ကျွဲကူးမြောင်း အလျား(၀.၉၅)မိုင် တူးဖော်ထား ရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တည်ဆောက်ပြီး မြေသားတာဘောင်များရေရှည်တည်တံ့ခိုင်မြဲစေရေး ဒေသခံတောင်သူများအစုအဖွဲဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြိုနယ်၊ ကျေးတော ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဥစားဘဲကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှု အားပေးခဲ့ပြီးခဲ့သည်။ ၎င်းနောက် တောင်ငူမြို၊ ကေတုမတီမြိုသစ်၊ နတ်သျှင်နောင်ရပ်ကွက်ရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော ဒေါ်သန်းအေး၏ တံမြက်စည်းအလုပ်ရုံသို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး အဆင့်မီသည့် ထုတ်ပိုးမှုပုံစံများဖြင့် ပြည်ပသိုတင်ပိုနိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးရွာအုပ်စုရှိ ဦးဉာဏ်ဝင်း၏ စက္ကူပျော့ဖတ်စက်ရုံတည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက် ဝါး၊ ကောက်ရိုးဖြင့် ပျော့ဖတ်ပြုလုပ်၍ စာရွက်အချောထုတ်လုပ် နိုင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအချိန်မီပြီးစီးဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website