ပဲခူး မေ ၂၀

ပဲခူးမြို့၌ ရက် ၁၀၀ စီမံချက်အနေဖြင့် Football for School ၊ Smart School Program ဘောလုံး သင်တန်း ဆင်းပွဲအခမ်းအနားအား မေလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်း အာကစားဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားကဏ္ဍအသစ် ဖွင့်လှစ် ရန်အတွက် ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ရွှေတောင်မြို့ စသည့် (၅)မြို့နယ်အား ပထမဦးစွာ ရွေးချယ် ၍ Football for School Program အဖြစ် ဘောလုံးသင်တန်း ဖွင့်လှစ်ခြင်းအပြင် ဘောလီဘော၊ ပြေးခုန်ပစ် အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် သင်ကြား ရရှိခဲ့သည့် နည်းစနစ်များ၊ ကျွမ်းကျင်မှုများအပေါ် အခြေခံပြီး တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်စေရေး စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းများများအား သင်တန်းဆင်းလက်မှတ်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်း သားများ၏ ဘောလုံးလေ့ကျင့်မှုသရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ၃၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေဿကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ပဲခူးမြို့၊ အားကစားဥယျာဉ်၌ ကျင်းပပြုလုပ်နေသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပွဲ အဖွင့်ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကာစားနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website