ပဲခူး ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME စီးပွားရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေးနှင့် မြို့နယ်အလိုက် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်၍ ပျိုးခြံများအတွင်းရှိ ပျိုးပင်များအားလုံး စိုက်ပျိုးသွားရန်နှင့် ဝါးအခြေခံ စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး တစ်အုပ်တစ်မ စီးပွားဖြစ်ဝါးစိုက်ခင်း များ စိုက်ပျိုးသွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် တိုးတက်စေရေး ဆောင်ရွက်လျက်ရှိနေမှုနှင့် လစဉ်တိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက Quick Win ဖြစ်နိုင်သည့် လုပ်ငန်းများ နှင့် ရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြချက်များနှင့်ပတ်သက်၍ မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website