Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ ဇူလိုင် ၁၅

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့နယ် လဲဘူးကျေးရွာ၌ ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အင်ဂျင်ပါလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့နယ်၊ အင်းပုလဲကျေးရွာအုပ်စု၌ (မြစိမ်းရောင်း-အသားကဏ္ဍ) ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဥစားဘဲ ကောင်ရေ (၂၂၀၀) အား သဘာဝကွင်းစာဖြင့် မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံဘဲမွေးမြူသူ များနှင့်တွေ့ဆုံ၍ ဒေသကြက်နှင့် ဒေသဝက်အား တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ တိုးချဲ့မွေးမြူနိုင်ရေး၊ နေအိမ်အလိုက် စားဖိုဆောင်သီးနှံ စိုက်ပျိုးကြရန်မှာကြားခဲ့ပြီး ဥစားဘဲများ ပေးအပ်ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ပေါရိဿဒ်တံခါး အနီး ရှေးဟောင်းကျုံး ပြန်လည်တူးဖော်နေမှုနှင့် စင်တံခါးအနီး ရှေးဟောင်းမြို့ရိုး တစ်ဆက်တည်းဖော်ထုတ် နိုင်ရေး ရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖော်ထုတ်ပြီးမြို့ရိုးနှင့် ကျုံးများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဆက်လက်ဖော်ထုတ်မည့် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများကိုလည်း အရှိန် အဟုန်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ DTH သဘာဝကော်ဖီ ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ခဲ့ပြီး ပြည်ပသို့ တိုက်ရိုက်တင်ပို့ ရောင်းချနိုင်ရေး အတွက် ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး၊ ရိုဘက်စတာ ကော်ဖီအား ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် ပြည်ပဈေးကွက်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်ငူမြို့၌ ဒေသထွက်ကုန်များ အရောင်းစင်တာ ဖွင့်လှစ်ထားရှိမှုနှင့် ခပေါင်းခန်းမ ဘက်စုံအဆင့်မြှင့်တင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။