ပဲခူး စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ညောင်လေးပင် ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သံပုရာခုန်ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း ၂ စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ စိုက်ရာသီတွင် ဆီထွက်သီးနှံပဲပုပ်စိုက်ပျိုးနိုင်ရေးနှင့် တန်ဖိုးမြှင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုက်တွန်းပြောကြားခဲ့ပြီး သွင်းအားစုများ ပေးအပ် ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ (၃)ရပ်ကွက်ရှိ လုပ်ငန်းရှင်ဦးရဲဇာနည်၏ “သပြေရိပ်” လယ်ယာသုံးစက်ကိရိယာအလုပ်ရုံမှ ထွန်စက်နောက်တွဲ ဘက်စုံသုံးဆေးဖြန်းစက်နှင့် ထွန်းယက်စက် အမျိုးမျိုးထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဆေးဖြန်းစက်များအား လယ်ယာမြေ အမျိုးအစားမရွေး မောင်းနှင်အသုံးပြုနိုင်ရေးနှင့် ထွန်ယက်စက်များ တွင် အစေ့ချစနစ်နှင့် မျိုးစေ့မြေပြန်ဖုံးခြင်း စနစ်များထည့်သွင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စံဖဲကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် ဦးမင်းဇော်ဦး၏ Seven Star စားသောက်ကုန်လုပ် ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ စားသောက်ကုန် အမယ်သစ်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် ဒေသထွက်ရာသီပေါ် သီးနှံများအား အခြောက်ခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ် ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁) မျိုးစေ့ထုတ်စိုက်ခြင်း စုပေါင်းမြေဩဇာကြဲပတ်နေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းပြီးပါက အစိုဓါတ်ရှိနေချိန်တွင် ကြားသီးနှံအဖြစ် ဆီထွက်ပဲပုပ်စိုက်ပျိုးရန်၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေရှားပါးမှုမဖြစ်ပေါ်စေ ရေး စိုက်ပျိုးရေအား အကျိုးရှိရှိစနစ်တကျသုံးစွဲကြရန်၊ စိုက်ပျိုးချိန်၊ ရာသီဥတု၊ ရေမြေသဘာဝနှင့်ကိုက်ညီ ပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူဝင်ငွေတိုးတက်ရရှိသည့် သီးနှံအမျိုးအစားအား စိုက်ပျိုးရေးဦးစီး ဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website