Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်ပဲပုတ် တိုးချဲ့စိုက်ပျိုး နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်ပဲပုတ် တိုးချဲ့စိုက်ပျိုး နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး နိုဝင်ဘာ ၅

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည့် ဦးဝင်းအောင်၏ ဒေသကျွဲကောင်ရေ (၁၅၀) လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူထား ရှိမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံရာသီတွင် ဆီထွက်ပဲပုတ် တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အယ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲကြရန်နှင့် မြေအစိုဓါတ်ရှိချိန်အမီ စိုက်ပျိုးရန် ပြောကြားခဲ့ပြီး ဆီထွက်ပဲပုတ်မျိုးစေ့များ ပံ့ပိုးပေးအပ်ခဲ့ပြီး ပဲမျိုးစုံအစေ့ချစက်ဖြင့် ပဲပုတ်အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် MSME လုပ်ငန်းရှင် ဦးစိုးမိုးထွန်း၏ တစ်ပိုင်တစ်နိုင် အသုံးပြုနိုင်သည့် စပါးသယ်ထော်လာဂျီနှင့် ၁၆ လက်မ ထယ်သွားတပ်၍ စမ်းသပ် မောင်းနှင်မှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

              ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင် လေးပင်မြို့နယ်၊ စံဖဲကျေးရွာအုပ်စု၌ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မွေးမြူထားသည့် တိုင်းရင်း ကြက်ကောင် ရေ(၈၅၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံ စေရေး ဒေသဝက်ကိုလည်း ထပ်မံမွေးမြူသွားရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

                ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့၊  မြို့မ(၃)ရပ်ကွက်ရှိ MSME လုပ်ငန်းရှင် ဦးမိုးအောင်၏ ကာလာသွပ်ပြားနှင့် လက်နှိပ်ရေတုံကင် ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် မိုးစပါးရိတ်သိမ်း ထွက်ရှိနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။