Home / Bago Manager ZWL (page 16)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါး စိုက်ဧကများအနက် ပြန်ပေါ်သည့်လယ်မြေများတွင်  မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/ တံတား ပျက်စီးမှု တို့အား ကွင်းဆင်းကြည့်ရှုပံ့ပိုးဆောင်ရွက်

သာယာဝတီ ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါး စိုက်ဧကများအနက် ပြန်ပေါ်သည့် လယ်မြေများတွင်  မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/တံတားပျက်စီးမှုတို့အား ကွင်းဆင်း ကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ညောင်ဝိုင်း ကျေးရွာ အုပ်စုနှင့် ကျွဲသတ်ကြီးကျေးရွာအုပ်စုရှိတို့၌ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ခဲ့သည့် မိုးစပါး စိုက်ဧကများအား သက်တမ်းတူ၊ မျိုးတူစပါးမျိုးမှသားတက်ပွားယူ၍ ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြစ်ရေမြင့်တက် နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမည့် သတင်းထုတ်ပြန်ချက်များအပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန်  တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများအား ပြန်လည်ကုစား ပေးနိုင်ရေး အတွက် ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်းများ ပြင်ဆင်ထားရှိခြင်း၊ မျိုးစပါးများ ကြိုတင်စုဆောင်းခြင်း များကို ဆောင်ရွက်ထားရှိပြီး၍ ဒေသခံတောင်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး အားပေးစကားပြောကြားခဲ့သည်။ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရေကြီးနစ်မြှုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဩဂုတ်လ(၈)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် ရေကြီးနစ်မြှုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ဇူလိုင် လနှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းများကြောင့် သီးနှံစိုက်ခင်း များ ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ဧကနှင့် ပျက်စီးဧကများ စနစ်တကျပြုစု၍ တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည် စိုက်ပျိုးနိုင်ရေး ချက်ခြင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးစပါးထိခိုက်ဧကများအား ပြန်လည် ဖာထေးစိုက်ပျိုးရာတွင် သက်တမ်းတူ၊ မျိုးတူစိုက်ခင်းများမှ သားတက်ပွှားများရယူ စိုက်ပျိုးသွားရ မှာဖြစ်ပြီး ပျက်စီးဧကများအတွက် ကြိုတင်ပျိုးထောင်စနစ်ဖြင့် …

Read More »

ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အခွင့်အရေးလိုင်စင်များအတွက် တင်ဒါခေါ်ယူခြင်း

ပြည် ဩဂုတ် ၈ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်——————  

Read More »

မျိုးဆက်သစ် ထူးချွန်သော အားကစားသမားများ ဖော်ထုတ်နိုင်ရေး အားကစားနည်းအလိုက် မြို့ပြနှင့် ကျေးလက်ဒေသမကျန် လူတစ်စု အားကစားမှ လူထုအားကစားအဖြစ် ဖော်ဆောင်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

ပဲခူး ဩဂုတ် ၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဖူဆယ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဖူဆယ်အသင်းမှ အားကစားသမား တစ်ဦးချင်းစီက မိတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်းသူများ ‌ပေါ်ထွက် လာစေရေးအတွက် အားကစားကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်/ လူရွယ်များ အားကစားလုပ်ငန်းများတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တန်ဖိုးရှိသော စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၆ ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တောင်ငူခရိုင်‌အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံး အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် များက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက်နေရာအလိုက် အကောင်းဆုံးဆုရရှိသူ များနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တတိယဆုရရှိသော ပြည်ခရိုင် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင် အမျိုးသမီးဘောလုံးအသင်းတို့အား …

Read More »

ဒုတိယအကြိမ် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

ပဲခူး ဩဂုတ် ၆           နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူများက ပဲခူးတိုင်း ဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။           နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီမှ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး အဖွဲ့တို့မှ ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပဲခူးမြို့၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၆ ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တောင်ငူခရိုင်‌အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံး အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် များက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက်နေရာအလိုက် အကောင်းဆုံးဆုရရှိသူ များနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တတိယဆုရရှိသော ပြည်ခရိုင် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင် အမျိုးသမီးဘောလုံးအသင်းတို့အား …

Read More »

ပဲခူးတိုင်းဒေသကြီး၊ အုပ်တွင်းတပ်နယ်၌  ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄/၂၀၂၄) သင်တန်း ဖွင့်ပွဲကျင်းပ

တောင်ငူ ဩဂုတ် ၅        ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ၊ နံနက်ပိုင်းက အုတ်တွင်း တပ်နယ်၊ နယ်မြေခံသင်တန်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။         ဦးစွာ နယ်မြေခံသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။  ၎င်းနောက် ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က သင်တန်းသားများအား  ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။       ဆက်လက်၍ နယ်မြေခံသင်တန်းကျောင်းခန်းမ၌  ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က သင်တန်းသား (၄၆၃)ဦးတို့နှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဩဂုတ်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူး မြို့နယ်၊ ကမာနတ်ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေသန့်စက်တပ်ယာဉ်ဖြင့် သောက်ရေသန့်များ ဖြန့်ဖြူးပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ်ကွက်/ ကျေးရွာများအား အလှည့်ကျဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်သွားရန်၊ မီးသတ် ရေယာဉ်များဖြင့် ရေအဆက်မပြတ် သယ်ယူပို့ဆောင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်ရေးစခန်းများသို့ သွားရောက်အားပေးထောက်ပံ့

ပဲခူး ဩဂုတ် ၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား အားပေး ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးတို့နှင့်အတူ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ဟံသာဝတီရှေးဟောင်းကျုံး ရေထွက်ပေါက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေထွက်ပေါက်အတွင်း အမှိုက်နှင့် ဗေဒါပင်များ ပိတ်ဆို့မှု မရှိစေရေးနှင့် ကျုံးရေကျော်ပေါက်အား သံဇကာများဖြင့် ကာရံထားရန်တာဝန်ရှိသူများအား လမ်းညွှန် မှာကြား ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း ရေကျော်ဝင်ရောက်ခဲ့သည့်နေရာအား ကွင်းဆင်း ကြည့်ရှု ခဲ့ပြီး ရေတံခါးပေါက်များ နေရာပြောင်းရွေ့တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ကားလမ်းရေကျော်နေသည့် ခေါင်းဆေးကျွန်းနေရာနှင့် မဟာမြိုင်လမ်းနေရာတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ …

Read More »