Home / Bago Manager ZWL (page 10)

Bago Manager ZWL

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာ တွင်းလမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ဖွင့်လှစ်ပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၆ ================           ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု‌လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်းနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းဖွင့်လှစ်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှသာ မိမိတို့၏ ဒေသအလိုက် လိုအပ်ချက်များကို ထိထိရောက်ရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်သလို မိမိတို့ရပ်ရွာမှလည်း ဆောင်ရွက်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်းနှင့် ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပြည် ဖေဖော်ဝါရီ ၅ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၅၈၅.၇၀၃)သန်းဖြင့် ငွေအသပြာဆိုလာရေတင်စနစ်ဖြင့် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးထား သည့် ပြည်မြို့နယ်၊ ကြခတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာစိုက်ပျိုး နည်းစနစ်များအစား သိပ္ပံနည်းကျစိုက်နည်းစနစ်များ ပြောင်းလဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် ဈေးကွက်ရှိပြီး သက်တမ်း တိုသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသီးနှံအလိုက် ကျရောက်တတ်သည့် ရောဂါနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးမြေများအား မြေလပ်မရှိ စိုက်ပျိုးသွားနိုင်ရေး အကျယ့်တဝင့်ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး စိုက်ပျိုးဦးစီးဌာနမှူးက ရေ၊ မြေ၊ သဘာဝနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ကွင်းသရုပ်ပြပွဲများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဖေဖော်ဝါရီ ၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက် ပိုင်းက ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်း သို့ ရောက်ရှိခဲ့ပြီး အတွင်းနန်းတော်ကုန်းတောင်ဘက် ကျုံးတူးဖော်နေမှုနှင့် ကျောက်ကာသိမ်ပြတိုက် အတွင်းရှိ ဗုဒ္ဓဆင်းတုတော်ပါရုပ်ကြွကျောက်ချပ်ကြီးများနှင့် ပျူကျောက်စာချပ်ကြီးများ တူးဖော်ထားရှိမှု အခြေအနေတို့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သရေခေတ္တရာပျူမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုဇုန်သို့ (၄)လမ်းသွား အဝင်/အထွက်လမ်း (တာဂွ-နဂါးတွန့်အပိုင်း) (၄)ဖာလုံ ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မိုးညို ဖေဖော်ဝါရီ ၁ ===========      မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထိန်တောကျေးလက်ဈေးအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———————-

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃၀ ==========     တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစား ကွင်း၌ ဇန်နဝါရီလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များက ပဲခူးခရိုင်အသင်း နှင့် နတ်တလင်းခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြရာ နတ်တလင်းခရိုင်အသင်းက (၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။      ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့် …

Read More »

ပဲခူးမြို့နယ် ရေဘေးသင့်အိမ်ထောင်စုများတွက် ငွေသားနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၇ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် ရေဘေးသင့်အိမ်ထောင်စု များတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငွေသားနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားသို့ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံ အတွင်း လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့် အညီ  ကြက်ခြေနီဥပဒေဖြင့် ဖွဲ့စည်းထားသော အသင်းကြီးတစ်ခုဖြစ်ပြီး ဘေးတုံ့ပြန်ရေးနှင့် ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများကို အမြဲတက်ကြွစွာ လူထုကို ဦးဆောင်ကူညီပေးနေသည့်အတွက် ဦးစွာဂုဏ်ပြုစကားပြော ကြားလိုကြောင်း၊ ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုအန္တရာယ်သည် နှစ်ပေါင်း(၈၀)ကျော်အတွင်း အကြီးမားဆုံးရေကြီးရေလျှံမှုတစ်ခုဖြစ်ခဲ့ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ရေးလုပ်ငန်းများကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၆ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အမြန်ဆုံးအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ချမှတ်ပေး ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အတူပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိလာသည့် MSMEs ထွက်ကုန်များသည် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အဓိကထား အသုံးပြုရန်နှင့် အရည်အသွေးနှင့်ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွား ရမှာဖြစ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ …

Read More »

ပဲခူးမြို့၌ (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅ ========= ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော်ကျောက်ပန်းတောင်း ဓမ္မာရုံတော်၌ ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် (တတိယအကြိမ်) မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။        ထို့နောက် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသားစားသုံးမှု ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ဒိုက်ဦး ဇန်နဝါရီ ၂၃ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ CPP Myat Min Agro Co., Ltd ၏ အစေ့ထုတ်ပြောင်း (၆၀၀)ဧကစိုက်ပျိုးထားရှိမှုနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့သန့်စင်စက် လည်ပတ်နေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် မြေများအား စိုက်ပျိုးမြေအဖြစ် အမြန်ဆုံးဖော်ထုတ် စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများ စီးပွားဖြစ်အစေ့ထုတ်ပြောင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင် ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ် (၃၁၄-ခ)၊ မြေဧရိယာ(၁၃၅.၁၁)ဧကအား တိုင်းဒေသကြီးအစိုးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၃၂.၂၀)ဖြင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်မီပြီးစီးနိုင်ရေး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၂၂ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၁၄)ကြိမ်မြောက် လစဉ်ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံ ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။           အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ မြို့နယ်(၂၈)မြို့နယ်တွင် လစဉ်ပင်စင်လစာထုတ်ရက်တိုင်း ကျန်းမာရေးစောင့်ရှောက် မှုဆောင်ရွက်ပေးခြင်း၊ ဆီးချို/သွေးချို အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် …

Read More »