Home / Bago Manager ZWL (page 18)

Bago Manager ZWL

လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၇ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ ဦးပိုင် အမှတ်(၂၀/၂)ရှိ ဒေါ်သန်းသန်းမြင့်၏ လယ်မြေဧရိယာ(၅.၅၀)ဧက၌ နှံကောက်စပါးမျိုးအား လက်ဆွဲ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နှစ်စဉ်ရေကြီး သည့် လယ်မြေများတွင် ရေမြှုပ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးရန်၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ပင်ကြားတန်းကြား မှန်ကန်စွာ စိုက်ပျိုးသွားရန်၊ မြေ နမူနာစမ်းသပ်၍ လိုအပ်သည့် မြေဩဇာအချိုးအစားအတိုင်း ထည့်သွင်းသွားရန်၊ မစိုက်ပျိုးမီ မျိုးသန့်ခြင်း နှင့် စိုက်ပျိုးပြီး မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရန်၊ မျိုးစပါးလုံလောက်မှုရှိစရေး ခေါင်နှံများဖြင့် မျိုးသန့်မျိုးပွားနည်းစနစ်များ …

Read More »

တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေး

တောင်ငူ  နိုဝင်ဘာ ၁၇ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် တောင်ငူခရိုင်အတွင်း CMP လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု ရှိ လုပ်ငန်းရှင် ဦးစိန်ဝင်း၏ ဝါးတူစက်ရုံသို့ သွားရောက်ခဲ့ပြီး ဝါးတူထုတ်လုပ်မှု အဆင့်ဆင့်အား တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝပေါက်သည့် ဝါးပင်များအား ရေရှည် ထုတ်ယူသုံးစွဲပါက ပြုန်းတီးသွားနိုင်သဖြင့် ကိုယ်တိုင်ဝါးစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ထုတ်ယူသုံးစွဲခြင်းများသည် ရေရှည်ပိုမိုအဆင်ပြေနိုင်သဖြင့် ဝါးရောင်းချသူများအား ဝါးစိုက်ပျိုးနိုင်ရေး အသိပညာပေး စည်းရုံးသွားရန် လိုအပ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဝါးဆစ်ပိုင်းများဖြင့် မီးသွေးအစားထိုး လောင်စာတောင့်များနှင့် ဝါးအခြေခံ လက်မှုပစ္စည်းများ ထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် …

Read More »

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၆ ==================           တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော တပ်မတော်သားများအား စေတနာ ရှင်ပြည်သူများက ကူညီထောက်ပံ့သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ စုပေါင်း၍ ငွေကျပ်(၁၀၇၀)သိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၄ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မသန်စွမ်းသူများအတွက် အခွင့်အရေးများကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ အခြား သူများနှင့်တန်တူ အခွင့်အရေးများကို ရရှိခံစားနိုင်စေရန် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းထားခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းမှု ဖြစ်ပွားခြင်းကို ကာကွယ်နိုင်သည့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများနှင့် မသန်စွမ်းမှု ဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်စေရန် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ အတွက် အများပြည်သူသုံး အဆောက်အအုံနှင့် ပတ်ဝန်းကျင်ကို မသန်စွမ်းသူများ အထောက်အကူပြုပစ္စည်း ကိရိယာများဖြင့် အဟန့်အတားမဲ့ သွားလာနိုင်ရေး ဆောင်ရွက်ပေးထားရန် လိုအပ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့

ဒိုက်ဦး နိုဝင်ဘာ ၁၃ ================             ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစီအစဉ်ဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ဆောင်းမြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်ကောင်း မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဘက်စုံကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က …

Read More »

မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး နိုဝင်ဘာ ၁၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ တပ်မတော်သားများ၊  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဘုရားဖူးလာ ပြည်သူများ အေးချမ်းစွာဘုရားရှိခိုးနိုင်ရေး အာရုံခံတန်ဆောင်းများ သန့်ရှင်းသပ်ရပ်စေရေး အမြဲဆောင်ရွက်ရန်၊ ဘုရားပိတ်ချိန်တွင် အမှိုက်များအား စနစ်တကျသိမ်းဆည်းစွန့်ပစ်ရန်နှင့် ဘုရားပေါ်ရှိ မီးဆလိုက်များ ကောင်းမွန်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန်နှင့် လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ရာသီအလိုက် စိုက်ပျိုးသီးနှံများ စိုက်ဧက ပြည့်ဝစွာ စိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် မိုးစပါးရိတ်သိမ်းသည့်ရာသီဖြစ်၍ ရိတ်သိမ်းပြီးမိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး၊ ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစရေး အသိပညာပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာမြေများအား ဝယ်ယူထားပြီး အမှန်တကယ် စိုက်ပျိုးမှုမရှိခြင်းနှင့် စနစ်တကျစိုက်ပျိုးမှုမရှိခြင်းများကို လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းအနေဖြင့် မိုးစပါးလျှင် တစ်ဧကတင်း(၁၀၀)၊ နွေစပါး တစ်ဧကတင်း (၁၁၀)ထွက်ရှိနိုင်ရေး အောင်မြင်အောင် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပြီး …

Read More »

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၉ ==============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အတိုင်း အသေးစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး နှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ပဲခူးမြို့တွင် ဒေသထွက်ကုန်အရောင်းစင်တာအား ဖွင့်လှစ်ပေးထားခဲ့ပြီး …

Read More »

ပဲခူးမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၈ ====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်အတွက် ဗလငါးတန်နှင့် ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာ၊ မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေး ရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အခြေခံသည့် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ သိမ့်မွေ့နက်နဲပြီး အဆင့်အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု များ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရှေးမူမပျက် ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ် လူငယ်၊ မောင်မယ်များကြားတွင် မြတ်နိုးတန်ဖိုးထား လေးစားတတ်စေရန်အတွက် နိုင်ငံတော်အဆင့် …

Read More »

ပဲခူးမြို့၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး နိုဝင်ဘာ ၇ ================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်ပိုင်းက (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့်ဌာနတစ်ခုဖြစ်ကာ နိုင်ငံတော်၏ သစ္စာကိုစောင့်သိလျက် အစိုးရ၏ မူဝါဒများကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကြိုးပမ်းထမ်းဆောင်သွားရမှာဖြစ်ပြီး ရည်မှန်းတာဝန်များကိုလည်း အထူးအလေး အနက်ထား လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးကို ရှေ့ရှု၍ နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် ပေးအပ်လာသည့် …

Read More »